ချောက်မြို့မစျေး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသောပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့်ပူးပေါင်းအဖွဲ့သည် (၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ချောက်မြို့မ စျေး၌ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများရောင်းချမှုမရှိစေရေးနှင့် အသားငါးများ ရောင်း ချရာတွင် သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှုရှိ/ မရှိစစ်ဆေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင် တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)