၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း မင်းဘူးခရိုင်၏ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံ ဆွေးနွေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်အတွင်းရှိဝန်ထမ်းများသည် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင် များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ်၍ ဆောင်ရွက် လျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ()ကြိမ် နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း(၁၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြား ပုံနည်းလမ်းများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)