
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၃.၁၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၈) အခြေခံပညာမူလတန်း ရွှေဂူကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ရာ ဆရာ၊ဆရာမ(၉)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၈၉) ဦး၊ စုစုပေါင်း (၉၈) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းက ဌာန၏သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ နစ်နာဆုံးရှုံး မှုရှိလျှင် တိုင်ကြားနိုင်ရန် စားသုံးသူ သတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်းကြားနိုင်သူများအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်သန္တာခင်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့် အခွင့်အရေး များနှင့် လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
