မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာရှိ ပိုင်ရှင်ဦးသုခအောင်၏ ငရုတ်ကောင်းစိုက်ဧက(၁၇)ဧကသို့  သွားရောက်ကြည့်ရှုအားပေး၊ မြောင်းမြမြို့ ဒီဧရာ စက်မှုလက်မှုအလုပ်ရုံသို့သွားရောက်၍ မျိုးစေ့ချကိရိယာ( Drum Seeder)များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့နယ်၊ သိလ္လာ ကျေးရွာရှိ ပိုင်ရှင်ဦးသုခအောင်၏ ငရုတ်ကောင်းစိုက်ဧက(၁၇)ဧကသို့  (၂၇.၁၁.၂၀၂၅) ရက်နေ့တွင် သွားရောက်ကြည့်ရှုအားပေးခဲ့ရာ  ခြံပိုင်ရှင်မှ ဒေသငရုတ်ကောင်းမျိုးနှင့် ယိုးဒယား ငရုတ်ကောင်း မျိုးများ စိုက်ပျိုးစိုက်ပျိုးထားရှိမှု၊ အဝိစိတွင်းမှ ရေတင်၍ ပိုက်များသွယ်တန်း၍ စနစ်တကျ ရေပေးဝေမှု၊ ဈေးကွက်အတွင်း ငရုတ်ကောင်းအခြောက် ရောင်းချရမှုဈေးနှုန်း၊ ငရုတ်ကောင်း ခူးဆွတ်ရရှိမှု၊ “စစ်မှစစ် ငရုတ်ကောင်းမှုန့်ထုတ်လုပ် ဖြန့်ဖြူးမှုများကို ရှင်းလင်း တင်ပြခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့ ဒီဧရာ စက်မှုလက်မှု အလုပ်ရုံသို့သွားရောက်၍ မျိုးစေ့ချကိရိယာ( Drum Seeder)များ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ရှိ Drum Seeder ထုတ်လုပ်မှူအခြေအနေများ၊ တိုင်း‌ဒေသကြီးအတွင်း ဖြန့်ဖြူးမှုအခြေအနေများ၊ ကောက်စိုက်စက် ထုတ်လုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများမှာယူထားရှိမှု၊ အဆင့်မြှင့်တင်ထုတ်လုပ်မည့် ကောက်စိုက်နမူနာပုံစံများကို  ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဒေသနှင့်ကိုက်ညီပြီး အရည်အသွေး ကောင်းမွန် သည့်မျိုးစေ့ချကိရိယာ (Drum Seeder) များ၊ ကောက်စိုက်စက်များ ထုပ်လုပ်နိုင်ရေးနှင့် သတ်မှတ် ကာလအတွင်း အလက်ရေပြည့်မီအောင် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)