
မြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ ကိုလည်း ဟင်းခပ်မဆလာတွင်သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုတ်စုံတို့တွင်လည်း တွဲဖက်အသုံးပြုသည်။ နံနံပင်ကိုတို့စရာအဖြစ်လည်းစားသုံးကြသည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး နံနံမျိုးစေ့က အစေ့ပေါက်တာ ကြာပါသည် နံနံပင်စိုက်ပျိုးရာတွင် နံနံမျိုးစေ့ကို အဝတ်စ သို့မဟုတ် ပလတ်စတစ်အိတ်လေးထဲ ထည့်ပြီး ဖန်ပုလင်းနဲ့ အသာအယာလှိမ့်ပေးပါ နံနံမျိုးစေ့ကို တစ်ည ရေစိမ်ပါ စိုက်မယ့်မြေကို ရေဝအောင် လောင်းထားပါပြီးမှစိုက်ပျိုးပေးရကြောင်းသိရပါသည်။
ထို့ပြင် ဒီဇင်ဘာလ ပထမ ပတ်တွင် နံနံပင် (၁၀)သားလျှင် (၂၀၀၀၀)ကျပ်၊ အစီးသေးတစ်စီးလျှင် (၅၀၀)ကျပ် ရရှိကြောင်း ပုသိမ်မြို့၊မြို့မဈေးတွင် ဈေးသည်တစ်ဦးထံမှသိရသည်။
DOCA(ဧရာဝတီ)
