
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (မကွေးကုန်စည်ဒိုင်)ခန်းမ၌ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအား ဖိတ်ကြား၍ (၈.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်တာဝန်ခံ မှ MyRO နှင့်စပ်လျဉ်း၍လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအကြောင်းအား ချပြရှင်းလင်းအသိပညာပေး ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မကွေးခရိုင်တာဝန်ခံက ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်း ရှင်များအသင်း ဝင်ရောက်မှုမရှိသော လုပ်ငန်းရှင်များအား အသင်းဝင်နိုင်ရေး၊ ဆန်တန်ချိန် (၂၅)နှင့် အထက်၊ဆန်အိတ် (၅၀၀)နှင့်အထက် သိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် MyRO တွင် မှတ်ပုံတင် ဆောင်ရွက်ရန်၊ မှတ်ပုံတင်ရှိထားသည့် သိုလှောင်ရုံ ပိုင်ရှင်များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများအား လစဉ် (၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း MyRO တွင် ပုံမှန်စာရင်းရေးသွင်း ရန်၊ မိမိတို့ ဆိုင်များမှ နေ့စဉ် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများအားလည်း သေသေချာချာစာရင်း ပြုစုထား ရှိစေရန်၊ ဆန်စျေးနှုန်းများအား စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် စပါး၊ ဆန်နှင့် ဆန် ထွက် ပစ္စည်းများအား တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပ သို့ သယ်ယူပို့ဆောင်ရာတွင် အသုံးပြု သည့် မျှောစာများအား လက်မှတ်ရေးထိုးရမည့် ဆန်ကုန်သည်၊ ဆန်စက်လုပ်ငန်းရှင် အမည်စာရင်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတည်ပြုထားပြီးဖြစ်ကြောင်း၊ မျှောစာတွင် လက်မှတ်ရေးထိုး ရမည့် မြို့နယ်အလိုက် အမည်စာရင်းအား ဖတ်ကြားရှင်းလင်း၍ မျှောစာလက်မှတ်ရေး ထိုးရာတွင်လည်း တာဝန်ရှိသူမှလွဲ၍ ကိုယ်စားလက်မှတ်ရေးထိုး၍ မရကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(မကွေး)
