
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိရာ ခရိုင်အတွင်းထွက်ရှိသော ငရုတ်ကို အမှည့် အစိုများအား အခြောက်ခံ၍ ပိဿာ၊တင်းဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ငရုတ်သီးအစိမ်းအနေဖြင့် ရောင်းချမှုမရှိကြောင်း ၊ စျေးကွက်အတွင်း စားသုံးသူများအတွက် ငရုတ်သီးအစိမ်းများဝင်ရောက် လျက်ရှိရာ အောင်ပန်းဒေသမှအများဆုံးဝင်ရောက်လျှက်ရှိကြောင်း ၊ ဝင်ရောက်သော ငရုတ်သီးစိမ်း အမျိုးအစားများမှာ လျှာဂျွန်းထိုး ၊ ကုလားအော် ၊ ငရုတ်ရှည် နှင့် ငရုတ်ပွသီးများဖြစ်ပြီး ငရုတ်သီး အစိမ်းကို (၁)ရက်လျှင် ပိဿာ(၅၀၀ မှ ၁၀၀၀)ကျော်အထိ စျေးကွက်အတွင်းသို့ ဝင်ရောက်လျက် ရှိကြောင်း ၊ လျှာဂျွန်းထိုး ငရုတ်သီးအစိမ်း (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ် ၊ ကုလားအော် ငရုတ်သီး အစိမ်း (၁)ပိဿာလျှင် (၁၀၀၀၀/-)ကျပ် ၊ ငရုတ်ပွသီး အစိမ်း (၁)ပိဿာလျှင်(၈၀၀၀/-)ကျပ် ၊ ငရုတ်ရှည်သီးအစိမ်း (၁)ပိဿာလျှင် (၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း ၊ စားသုံးသူများမှာ ငရုတ်သီးအစိမ်းသီးနှံကို ပိုမိုစားသုံးကြသဖြင့် အရောင်းသွက်ကြောင်း၊ ငရုတ်သီး အစိမ်းရောင်းချသော စျေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
