“ခရမ်းချဉ်သီးဈေးနှုန်းများမြင့်တက်လျက်ရှိ”

Powered by Drupal

   နွေ ၊ မိုး ၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များအား စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီး သီးနှံကို ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိပါသည် ။ ယခုအချိန်တွင် ရှမ်းပြည်နယ်၊အောင်ပန်း ၊ အင်းလေးမှထွက်ရှိသော ခရမ်းချဉ်သီးများ ကျောက်ဆည်ခရိုင်အတွင်းသို့ ဝင်ရောက်လျက်ရှိသလို ၊ မြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်းချဉ်သီး သီးနှံများလည်း အနည်းငယ်ထွက်ပေါ်နေပြီး ခရမ်းချဉ်သီး‌ စျေးနှုန်း အနေဖြင့် နိုဝင်ဘာလနောက်ဆုံးပတ်တွင် (၁)ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ် ရှိခဲ့ရာမှ ဒီဇင်ဘာလ ပထမပတ်တွင် (၁)ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်အပတ် နှင့် ယခုအပတ် နှိုင်းယှဉ်ပါက စျေးနှုန်းများ မြင့်တက်လာကြောင်း ၊ ခရမ်းချဉ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် အောင်ပန်း ၊ အင်းလေးမြို့များမှ ဝင်ရောက်ရာတွင် သယ်ယူစရိတ်များပြားခြင်း နှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA( မန္တလေး)