
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကုန်စိမ်းပွဲရုံများသို့ မုန်လာထုပ်(ခ) ဂေါ်ဖီထုပ်များ စျေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်လျက်ရှိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။ ဂေါ်ဖီထုပ်များသည် ယခုအချိန်တွင် မြေပြန့်ဒေသများမှထွက်ရှိမှုနည်းပါပြီး တောင်ပေါ်ဒေသများဖြစ်သည့် အောင်ပန်း၊ ကလော၊ ရွာငံ နှင့် ရေဦးဒေသများမှ အဓိက အများဆုံး ဝင်ရောက်လျက်ရှိပြီး ယခင်လ ဂေါ်ဖီထုပ် တစ်ထုပ်လျင် (၁၀၀၀-၁၃၀၀)ကျပ်အထိ ရောင်းချရပြီး ဒီဇင်ဘာလ ပထမပတ်တွင် ဂေါ်ဖီထုပ်စျေးနှုန်းအနေဖြင့် တစ်ထုပ်လျင် လက်ကားစျေး (၁၂၀၀-၁၅၀၀)ကျပ်စျေးနှုန်းများရှိပြီး စျေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ဂေါ်ဖီထုပ်ကို အစိမ်းကြော်၊ အတို့အမြှုပ်၊ မုန်လာထုပ်အချဉ်၊ မုန့်ဟင်းခါးများ တွင်လည်းထည့်၍စားသုံးကြောင်း၊ ဂေါ်ဖီထုပ်ကို ပဲလှော် ပဲကြော်များဖြင့်လည်း အသုပ်သုပ်၍ စားသုံးကြပါသည်။ ဂေါ်ဖီထုပ် စားသုံးခြင်းဖြင့် ဂေါ်ဖီထုပ်မှာပါတဲ့ အမိုင်နိုအက်ဆစ်က အရောင်ကျစေနိုင်ပြီး အရေပြားရောင်ရမ်းခြင်းကို သက်သာ စေနိုင်ကြောင်း ကျန်းမာရေး ဗဟုသုတများမှ သိရှိရပါသည်။
DOCA(မန္တလေး)
