
ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ပန်းဂေါ်ဖီများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊အောင်ပန်း၊ပင်းတယနှင့်ရွာငံရေဦး မြို့များမှ အများဆုံးဝင်ရောက်လျက် ရှိကြောင်း၊ ယခင်လတွင် ပန်းဂေါ်ဖီ ဈေးနှုန်းအနေဖြင့် အကြီး တစ်ပွင့်လျှင်(၂၃၀၀/-)ကျပ်၊ အသေးတစ်ပွင့်လျှင် (၁၀၀၀-၁၂၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ဒီဇင်ဘာလ ပထမပတ်တွင် ပန်းဂေါ်ဖီ အဖြူ ဈေးနှုန်းအနေဖြင့် အကြီး တစ်ပွင့်လျှင်(၂၅၀၀/-)ကျပ်၊ အသေး တစ်ပွင့်လျှင် (၁၅၀၀)ကျပ်၊ ပန်းဂေါ်ဖီအစိမ်းစျေးနှုန်းအနေဖြင့် အကြီးတစ်ပွင့်လျှင် (၃၀၀၀/-)ကျပ် ၊ အသေးတစ်ပွင့်လျှင် (၂၀၀၀/-) ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်လထက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိကြောင်း ၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဈေးများသို့ ပန်းဂေါ်ဖီများ ဝင်ရောက်မှုနည်းသောကြောင့် ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသည့် စျေးသည်တစ်ဦးထံမှသိရှိရပါသည်။ ပန်းဂေါ်ဖီတွင် ကယ်လိုရီ ဓာတ်နည်းပါးပြီး ဗီတာမင်များစွာ ကြွယ်ဝသောကြောင့် လိုအပ်သည့် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်ကြောင်း၊ ပန်းဂေါ်ဖီကိုစားသုံးခြင်းဖြင့် အစာခြေစနစ် ကျန်းမာစေခြင်း၊ အရိုးများသန်မာစေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း၊ဝိတ်ကျစေခြင်းစသည့်ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိကြောင်း ကျန်းမာရေး စာစောင်များမှ သိရှိရပါသည်။
DOCA(မန္တလေး)
