
မိတ္ထီလာမြို့မဈေးကြီးနှင့် ကုန်စိမ်းဈေးအတွင်း သံပုရာသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် သီးနှုန်းကျဆင်းသွားသည့်အတွက် သံပုရာသီးဈေးနှုန်းများ အနည်းငယ်မြင့်တက် လျှက်ရှိကြောင်းသိရသည်။သံပုရာသီးကို ဖျော်ရည်၊သံပုရာချဉ်၊အသုပ်မျိုးစုံနှင့် အချဉ်ကြိုက်နှစ်သက် သူများအနေဖြင့် သံပုရာသီးကို မျိုးစုံလုပ်စားကြသဖြင့် အိမ်တိုင်းတွင် မရှိမဖြစ်ဆောင်ထားသော စားဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည်။
ယခင်မိုးရာသီကာလတွင် သံပုရာသီး(၁)လုံးလျှင် (၁၀၀)ကျပ်နှုန်းသာ ဈေးရရှိပြီး ၊ ယခု ဆောင်းရာသီကာလ ဒီဇင်ဘာလပထမပတ်တွင်သံပုရာသီး(၁)လုံးလျှင်(၂၀၀)ကျပ်၊ (၃)လုံးလျှင် (၅၀၀) ကျပ် နှုန်းဖြင့် ဈေးအနည်းငယ်မြင့်တက်လျှက်ရှိပါသည်။
DOCA(မန္တလေး)
