
ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့် ၀န်ထမ်းတို့သည်(၂-၁၂-၂၀၂၅)ရက်နေ့ ၊ နံနက်(၀၉:၃၀)နာရီအချိန် တွင် ဒေးဒရဲမြို့တညင်ကုန်းကျေးရွာရှိ "နုရတနာ" ဆန်စက်သို့သွားရောက်၍ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်SMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခဲ့ ကြပါသည်။
ထိုသို့ကွင်းဆင်းရာတွင်ဆန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ဆန်စပါးအရည်အသွေးပြည့်မီစေရေး၊အချင်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ကုန် သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်SMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊စက်ကိရိယာနှင့်ပတ်သက်၍ နည်းစနစ်သစ်များ၊ တပ်ဆင်မှုများ ခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များပိုမိုထုတ် လုပ်နိုင်ခြင်း၊ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာအလုပ်သမားမိသားစုများအတွက်စား၀တ်နေရေးပြေလည်စေနိုင်ခြင်း စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ခြင်းရှိ/မရှိ တို့ကိုကွင်းဆင်းစိစစ်ခဲ့ကြောင်းသတင်း ရရှိပါသည်။
(Doca ဧရာဝတီ)
