ပဲ၊ နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

 

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

            ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ၊မြေပဲလုံးဆံဖြူ တစ်တင်းလျှင် (၁၃၇၆၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၃၅၀)တင်း၊ တန်အားဖြင့် (၃၁)တန်၊ နှမ်းနက် တစ်တင်းလျှင် (၂၂၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၈၀၀)တင်း၊တန်အားဖြင့် (၄၄)တန်၊ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၇၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၃၀၀)၊တန်အားဖြင့် (၇)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)