
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းသား/ကျောင်းသူများ အား ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ၁.၁၂.၂၀၂၅ ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့၊ တက်သိမ်းအမှတ်-၆ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာဖော်ပြထားရှိသော ကုန်စည်များနှင့်သက်ဆိုင်ရာဌာများ၏ ထောက်ခံချက်ပါဝင်သော ကုန်စည်များကိုသာ ရောင်းချမှုရှိစေရေး၊ ကလေးများအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တရားမဝင်ကုန်စည်နှင့်မုန့်များ၊ သက်တမ်းကုန်ဆုံးသည့်မုန့်များ အားရောင်းချခြင်း မပြုရန် ၊ တိုက်ရိုက်စားသောက်ရသော မုန့်များရောင်းချရာတွင် Mask နှင့် လက်အိတ်များဝတ်ဆင် အသုံးပြုကြရန်နှင့်အစားအသောက်များအား အဖုံးအအုပ်များဖုံးအုပ်ထားရှိရန်တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဆောင်ရွက်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း ၁၈ ပါ ကုန်အညွှန်းအမှတ်အသား နှင့်စပ်လျဉ်း၍ အချက်များအား ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချမှုပြုရန် စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
