
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၇.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ဈေးကလေးလမ်းတာငါးဆယ်(မြောက်)ရပ်ကွက်ရှိ ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း အိမ်သုံးဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆေးပစ္စည်းအမျိုးမျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် သက်ဆိုင်ရာဌာန၏ ထောက် ခံချက်များရှိ/မရှိ စစ်ဆေးကာ ရောင်းချရန်လိုအပ်ကြောင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အိမ်သုံးဆေးဝါးများတွင် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန် ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA (ဧရာဝတီ)
