
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆန်စက်အသင်းရုံးတွင် ဒီဇင်ဘာလ ပထမပါတ် ဆန်စက်လုပ်ငန်းရှင်(၂၀)ဦးအား MyRO လစဉ် ရ၊ထုတ်၊ကျန် စပါး/ဆန်စာရင်းများကို မိမိဆန်စက်၊ သိုလှောင်ရုံ၏ အမှန်တကယ်သိုလှောင်မှုစာရင်းအားMyROတွင် ပုံမှန်ရေးသွင်းဆောင်ရွက်ရေးကို ၇-၁၂-၂၀၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အသိပေးဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိက ဆန်စက်လုပ်ငန်းရှင်များ ကိုMyROတွင် မိမိတို့သိုလှောင်ထားရှိသော ဆန်၊စပါးမြေပြင်သိုလှောင်မှုစာရင်းကို မှန်ကန် တိကျစွာ စာရင်းရေးသွင်းရန်၊လဝက်နှင့်လကုန်ရက်များတွင်စပါးဆန်လက်ကျန်စာရင်းကိုသပ်မှတ်ရက်အတွင်းအချိန်မှီတင်ပြရန်၊ ကုန်ပစ္စည်းများ တင်ပိုရာတွင် ကုန်တင်လွှာနှင့်အတူ သတင်းပေးပိုဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA (ဧရာဝတီ)
