တောင်ကြီးမြို့ရှိ အွန်လိုင်းရောင်းဝယ်မှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၉.၁၂.၂၀၂၅ ရက်နေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင် စစ်ဆေးရေးအရာရှိ ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့၊ဗိုလ်ချုပ်လမ်း၊ လမ်းမတော်ရပ်ကွက်နေ ဒေါ်အိမ့်အိမ့်ဖြူ အထည်အလိပ်၊အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူးမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော လုပ်ငန်းအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံ စံတွင် ထည့်သွင်းထားသည့် လိပ်စာအတိုင်း မြေပြင်တွင် အမှန်အတကယ်ရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထား‌သော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမှန်တကယ်ရှိ/မရှိတို့အား မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)