
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ၂၀၂၅ ခု၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်(၉း၃၀)နာရီ ၌ ပေါင်းတည်မြို့နယ် ပေါက်တန်းအခြေခံ အ.ထ.က (ခွဲ) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်လက်ထောက် ပညာရေးမှူး ဦးတင်မောင်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းဝင်းက မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် ဥပဒေရေးရာသိကောင်းစရာများ၊ မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြိုနယ်အားကစားနှင့် ကာယပညာဦးစီးမှူး ဒေါ်နီလာဝင်း မှလူငယ်နှင့်အားကစားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးစုစံ ကစာဖတ်ရှိန်မြင့်တင်ရေး စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက စားသုံးသူကာကွယ်ရေး အကြောင်းအရာများကို အသီးသီးအသိပညာပေး ဟောပြောခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်သား/ကျောင်းသူ စုစုပေါင်း (၁၉၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(ပဲခူး)
