ချောက်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား MyRO ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး အနေဖြင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းကိစ္စရပ်များနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် (၉.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ချောက်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား တွေ့ဆုံ၍ MyRO ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအား သိုလှောင်ရုံ သက်တမ်းတိုးဆောင်ရွက်ရေး၊ စပါးတင်း(၂၅၀၀)နှင့်အထက်၊ ဆန်အိတ်(၅၀၀)နှင့်အထက် ဆန်သိုလှောင်ရုံများ ဆန်စက်ပိုင်ရှင်များ MyROတွင် သိုလှောင်ခွင် မှတ်ပုံတင်နိုင်ရေးနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ လစဉ် စာရင်းရေးသွင်း နိုင်ရေး၊ စပါးဝယ်ယူရေးအတွက် အလေးချိန်သတ်မှတ်ချက်များ၊ ကြားပွဲစားများ ပွဲစား စိစစ်ရေးကဒ်များ ကိုင်ဆောင်ဝယ်ယူရေး၊ ကြားပွဲစားစိစစ်ရေးကဒ်များမရှိဘဲ စပါးများ အရောင်းအဝယ် ပြုလုပ်ပါက လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)