လက်ပံတန်းမြို့နယ်စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် မြို့မရပ်ကွက်(၂)လမ်း၌စားအုန်းဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် (၁၆.၁၂.၂၀၂၅) ရက်နေ့ ၊ နေ့ လယ်  (၁၃:၀၀ ) နာရီအချိန်တွင်၊ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် ဦးစီးမှူး-ဒေါ်ခိုင်ခိုင်ရီ  မှ တွေ့ဆုံ ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေ  အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင် မှု့၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်း မှန်ကန် သော သတင်းအချက်အလက် များပေးခြင်း၊စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ခြင်း၊  ဥပဒေအခန်း (၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင် သည် စားသုံးသူကလက်ခံသုံးစွဲ  နိုင်သောအရည်အသွေးရှိခြင်း ကုန်စည်၏ အရည်အသွေးအချိန် အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ် ကင်းရှင်း စေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက်  သင့်လျော်မှုရှိခြင်းများကို   အထူးအလေးထား ဆောင်ရွက်ရန်  အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)