
ဖျာပုံမြို့နယ်၊ အ.မ.က(၁၄)မြို့ဦးကျောင်း၌ ကျောင်းကျန်းမာရေးအသိ ပညာပေး ဟောပြောပွဲ တွင် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့၊ နံနက်(၁၀ : ၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ အကြောင်းများ ဖြစ်သည့် အစားအသောက်များတွင် မူလသဘာဝအားဖြင့် ပါဝင်သော ဓါတုပစ္စည်းများ ပါဝင်လာနိုင်ကြောင်း၊ စားသုံးသင့်သော မူလအစားအစာပုံစံများကို ကျော်လွန်ပြီး အရောင်အဆင်း အနံ့အရသာ ပိုမိုကောင်းမွန်ရန်အတွက်လည်း ဓာတု အရောင်ဆိုးဆေး များ ထည့်သွင်းလာမှုနှင့် အစားအစာများ တာရှည်ခံရန် ဘေးအန္တရာယ်ရှိသည့် ဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲလာမှုနှင့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများကြည့်ဝယ်ရန်တို့အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
