ဒေးဒဒရဲမြို့နယ် DDYယာဉ်လိုင်းခရီးသွား၀န်ဆောင်မှုနှင့် ပတ်သက်၍ တွေ့ဆုံစိစစ်ခြင်း

Powered by Drupal

     ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံဦးသိန်းမောင်သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ(၁၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ခရီးသွား၀န်ဆောင်မှုလုပ်ငန်းဖြစ် သောDDYယာဉ်လိုင်းမှဂိတ်မှူးကိုသက်နှင့် တွေ့ဆုံ၍ခရီးသွားဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
      အဆိုပါတွေ့ဆုံဆွေးနွေးမှုအရ DDY ယာဉ်လိုင်းတွင်ကာစတန်ကား(၈)စီးဖြင့် ဒေးဒရဲ-ဒလ ခရီးစဉ် အားပြေးဆွဲပေးလျှက်ရှိပြီးထိုသို့ပြေးဆွဲရာတွင်ခရီးသွားပြည်သူများအချိန်မှန်အဆင်ပြေစွာသွားလာနိုင်ရေးအတွက် အထူးအလေးထား ပြေးဆွဲပေးလျက်ရှိပါသည်။ ယာဉ်များကိုဒေးဒရဲဘက်ခြမ်း
နံနက်(၀၅:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ တစ်နာရီလျှင် တစ်စီးကျ အချိန်မှန်ပြေးဆွဲပေးလျက်ရှိပြီး၊ဒလဘက်ခြမ်းမှနံနက်(၀၉:၀၀)မှညနေ(၁၇:၀၀)အထိ တစ်နာရီလျှင်တစ်စီးကျပြေးဆွဲပေးလျက်ရှိပါသည်။ယာဉ်စီးခအနေဖြင့် တစ်ဦးလျှင်(၆၀၀၀)ကျပ်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး DDYယာဉ်လိုင်းအ‌နေဖြင့် ခရီးသွား ပြည်သူများအချိန်မှန် အဆင်ပြေစွာသွားလာနိုင်ရေး အိမ်တိုင်ရာရောက်ကြိုပို့ပေးသည့် ၀န်ဆောင်မှုပေးလျက်ရှိပြီး အခြား၀န်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း စုံစမ်း စိစစ်သိရှိခဲ့ရသည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)