“ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာအသိပညာပေး Talk Show ပြုလုပ်”

Powered by Drupal

              ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန နှင့် ပြင်ဦးလွင်မြို့ ၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ(၂၆)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စားသုံးသူကာကွယ်ရေး ဥပဒေ အကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြင်ဦးလွင်မြို့ ၊ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်စပယ်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးသက်လွင်ထူး (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များ၊စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးများရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း လုပ်ငန်းရှင်များ၏ တာဝန်များလည်း ရှိကြောင်း ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်းဖော်ပြရမည့်အချက်များ လိုက်နာရမည့် ဥပဒေများအကြောင်း နှင့် ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက Consumer Call Center (1535)သို့ ခေါ်ဆို တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)