MyROတွင်မှန်ကန်စွာစာရင်းသွင်းရန်၊ကုန်ပစ္စည်းများတင်ပိုရာတွင် ကုန်တင်လွှာနှင့်အတူသတင်းပေးပိုဆောင်ရွက်ရန်အသိပညာပေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် ၈-၁၂-၂၀၂၅ ရက်နေ့ (၁၀)နာရီအချိန်တွင် မအူပင်ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ သိုလှောင်ရုံပိုင်ရှင်များနှင့် တွေ့ဆုံ၍ MyROတွင်မှန်ကန်စွာ စာရင်းသွင်းရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက မိမိတို့ဌာန အနေဖြင့် ဒေသတွင်း စပါး/ဆန် တောင်သူ၊ ကုန်သည်၊ စက်ပိုင် လုပ်ငန်းရှင်တို့မှ မြေပြင် အမှန်တကယ်သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကောက်ယူထိန်း ကြောင်း ဆောင်ရွက် နေပြီး နိုင်ငံတော်မှ စပါး/ဆန်နှင့် စပ်လျဉ်၍ စီမံခန့်ခွဲဆောင်ရွက်သည့်အခါ နယ်မြေစာရင်း အချက်အလက် မှန်ကန်စွာ တင်ပြနိုင်ရန်လိုအပ်ကြောင်း၊ မအူပင်မြို့နယ်ရှိ လုပ်ငန်းရှင်များမှ ရ၊ ထုတ်၊ကျန် စာရင်’မျာ’ကို လစဉ် လဆန်း(၇) ရက်နေ့တွင် မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရန် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ကျန်စာရင်းများကို ဖြည့်သွင်းရန် အခက်အခဲရှိပါက လက်ကျန်ဖြည့်သွင်းဆောင်ရွက်နည်း လမ်းများကို သင်တန်းပေး ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကိုယ်တိုင်ဆောင်ရွက်တက်စေရန် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လစဉ် ဖြည့်သွင်းမှု စာရင်းများကို မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက်ပေးနိုင်ရန် မှာကြား ဆွေးနွေးခဲ့ပြီး မအူပင်ဆန်စက်လုပ်ငန်း ရှင် (၂၂) ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)