
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ ဈေးကွက်မရောက်မီကုန်စည်များ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဦးဇော်မင်း (ခရိုင်ဦးစီးမှူး)သည် ၈.၁၂.၂၀၂၅ ရက်နေ့တွင် မအူပင်မြို့၊ မြို့ရှောင်လမ်းရှိ ရေဝတီ သောက်ရေ သန့်အမျိူးမျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် (ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဖြစ်သည့် စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ တွင်စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချ ခြင်းစသည့် အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးချက်ပေးရမည့်အချက်များကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ်စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကိုအသုံးပြု ခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများ၊ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ် ချက်များနှင့် အညီ ပြည့်စုံစွာဖော်ပြပါရှိရမည့် အချက်များ၊ ဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အား အသိပညာပေးဆွေးနွေးခဲ့ပြီး ရေသန့်ထုတ်လုပ်ဗူးများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
