မိတ္ထီလာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံနှင့် ဆေးပစ္စည်းအရောင်းဆိုင် များအားကွင်းဆင်းခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊  ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည်   ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်  ၊ ဒီဇင်ဘာလ ၊ ၉ ရက်နေ့ နံနက်(၉.၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိပုဂ္ဂလိက ဆေးရုံများနှင့် ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံ တင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိစသည့်တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊ အစားသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီ၏ ထောက်ခံချက်မရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှုခံ ယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန် အသိ ပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များ အကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး၊ ပုဂ္ဂလိကဆေးရုံ (၂)ရုံနှင့် ဆေးအရောင်းဆိုင်(၃)ဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)