နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်းနည်းပညာပေး ကွင်းလက်တွေ့စိုက်ပျိုးပွဲကျင်းပ

Powered by Drupal

           (၁၅.၁၂.၂၀၂၅)ရက်နေ့ နံနက်(၈:၁၅)အချိန်ခန့်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥတို ကျေးရွာအုပ်စု၊ ဥတိုကျေးရွာရှိ တောင်သူဦးတင်လှ၏ လယ်မြေ(၂၇)ဧကပေါ်တွင် နေကြာ သီးနှံတိုးချဲ့ စိုက်ပျိုးရေးစီမံကိန်းနည်းပညာပေး ကွင်းလက်တွေ့စိုက်ပျိုးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား(၅၀) တက်ရောက်ခဲ့ ပါသည်။ဆက်လက်၍ စိုက်ပျိုးပွဲတွင် ဌာနဆိုင်ရာများမှ တောင်သူများအား နေကြာစိုက်ပျိုးနည်း စနစ် များနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ရေရရှိရေးနည်းလမ်းများအား ဆွေးနွေးခြင်း၊ ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုက်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဌမှ လိုအပ်သည်များအား ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)