
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တာဝန်ခံ ဒေါ်တင်တင်လှ နှင့် ဝန်ထမ်း(၃)ဦးတို့သည် (၁၁.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် မကွေးမြို့၊ မြို့မ စျေးအတွင်း ရောင်းချလျက်ရှိသော ကုန်စုံဆိုင်သို့ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ပါဝင်မှုရှိ/မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်နုနုဆွေမှ ပူးပေါင်းပါဝင်လျက် ရောင်းချနေသော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးဖြစ်သည့် “SWIS MILK” နို့ဆီနှင့် “Ve Ve” စတော် ဘယ်ရီအရသာနို့ဗူးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာ ဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ် အသား ဖော်ပြထားခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး နောင်တွင်လည်း ကုန်စည်အမျိုးမျိုး ဖြန့်ဖြူး ရောင်းချရာတွင် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
