တရုတ်၏ နိုင်ငံခြားကုန်သွယ်မှုသည် ခိုင်မာအားကောင်းကြောင်းပြသ

Powered by Drupal

            ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများပြည့်နှက်နေသော အခြေနေတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုသည် ယခုနှစ်တွင် တည်ငြိမ်သောတိုးတက်မှုနှင့် ခိုင်မာသောအသက်ဝင်မှုကို ပြသခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

          ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကုန်ပစ္စည်းတင်သွင်းမှုနှင့် ပို့ကုန်စုစုပေါင်းသည် ယခင်နှစ် အလားတူကာလထက် ၃.၆ ရာခိုင်နှုန်း တိုးလာကာ ယွမ် ၄၁.၂၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၈၃ ထရီလီယံခန့်) ရှိခဲ့သည်။ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ He Yadong က ပုံမှန်သတင်း စာရှင်းလင်းပွဲတွင် “တရုတ် နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် စိန်ခေါ်မှုများကို ကျော်လွှားပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်သော အထောက် အပံ့ များကို ဆက်လက်ပေးဆောင် သွားမည်” ဟု ပြောကြားခဲ့သည်။

      ဝန်ကြီးဌာနသည် ကုန်သွယ်မှုတည်ငြိမ်စေရေး မူဝါဒများ အကောင်အထည်ဖော်ရန်နှင့် စျေးကွက်ရှာဖွေနေသည့် လုပ်ငန်းများအတွက် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အခြားသက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွား မည်ဟု၎င်းက ပြောကြားခဲ့သည်။ဟန်ချက်ညီသော ပို့ကုန်-သွင်းကုန် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် နယ်စပ်ဖြတ်ကျော် e-commerce နှင့် ပြည်ပဂိုဒေါင်ထားရှိခြင်းကဲ့သို့သော ကုန်သွယ်မှုပုံစံသစ်များကို ပံ့ပိုးရန်ကြိုးပမ်း အားထုတ်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 DOCA (ရန်ကုန်)