သရက်မြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သရက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်၊ မီးသွေးဖုတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။အဆိုပါ ဟောပြောပွဲတွင် သရက်မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ သည့် ကုန်စည်များ ဝယ်ယူတတ်စေရေးနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ဖွင့်လှစ်ထားကြောင်း၊ တိုင်ကြားနိုင် ကြောင်းအသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများအား လက်ဆောင် ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)