
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာသတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များ ကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၁၂.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ဦးစောသန်းအောင် (ဒု-ကြီးကြပ်ရေးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၂)ပါ ဥပဒေ၏ ရည်ရွယ်ချက်များဖြစ်သည့် စားသုံးသူ အခွင့်အရေးများ အပြည့်အဝရရှိစေနိုင်ရန်၊ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နိုင်စေရန်၊ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးအသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေ ရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်(သို့)ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း ဥပဒေနှင့်အညီဆောင်ရွက်စေရန်၊ ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ အသင်းအဖွဲ့များပေါ်ပေါက်လာ စေရေးနှင့် အားကောင်းခိုင်မာမှုရှိစေရေးအတွက် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊ ဘေးအန္တရာယ် ဖြစ်စေသော ကုန်စည်(သို့)ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
