မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၅.၁၁.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ အ.ထ.က (၁၁) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရပါသည်။
အဆိုပါဟောပြောပွဲတွင် အ.ထ.က (၁၁) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မိမိတို့ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါစားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကမာ္ဘ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကို စားသုံးသူကသေချာစွာဖတ်ရှု့ပြီးမှ ရွေးချယ်ဝယ်ယူစားသောက် သင့်ကြောင်း၊ စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း၊ သိလိုသည်များမေးမြန်းခြင်းကို ပြန်လည်ဖြေကြားခြင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၃၅) ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(မွန်)