
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများ သည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး စားသုံးသူအခွင့်အရေးများကို မှန်ကန်စွာ တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များရွေးချယ်ဝယ်ယူစားသောက်နိုင်ရေး အတွက် (၁၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေး ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်သောဌာနတစ်ခုဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းဖြင့် လူနေမှုဘဝ အကျိုး စီးပွားကို ကာကွယ်ဆောင်ရွက်ခြင်း၊ ၊ စီးပွားရေး လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာမှုကို ကာကွယ်ပေးခြင်း၊ စားသုံးသူ အခွင့်အရေး အခြေခံ ၈ချက်၊ လိုက်နာရမည့် တာဝန် ၄ချက် ကို သိရှိနားလည်ထားကြရန်၊ ဥပဒေတွင် ပါဝင်သော ဥပဒေ၏ ရည်ရွယ်ချက်များဖြစ်သည့်
(က) စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်၊
(ခ)စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍အသိပညာပေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေ
ရန်၊
(ဂ) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များဖြန့်ဝေ အသိပေး ခြင်းကို ဆောင်ရွက်နိုင်စေရန်၊
(ဃ) စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းနိုင်စေရန်၊
(င) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက် စေရန်၊
(စ) စားသုံးသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကို သုံးစွဲခြင်း ကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊
(ဆ) စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက် ပေးမှုများ၊ ထိန်းကျောင်းမှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် ယင်းအဖွဲ့များအားကောင်းခိုင်မာမှုရှိစေရေး အတွက် အပြန် အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊
(ဇ) စားသုံးသူတို့ကို ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးနိုင်ရန်။ ရည်ရွယ် ဆောင်ရွက်လျက်ရှိကြောင်းကို ရှင်းလင်းပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုရှိလာပါက တိုင်ကြားနိုင်သော Consumer Call Center 1535 ကိုလည်း ဆက်သွယ်မေး မြန်းတိုင် ကြားလို့ရကြောင်းကို ရှင်းလင်းပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြ၍ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
