
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး စားသုံးသူအခွင့်အရေးများကို မှန်ကန်စွာ တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များ ရွေးချယ်ဝယ်ယူ စားသောက်နိုင်ရေး အတွက် (၁၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ပန်းတနော် ခင်မကန် အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊ ဥပဒေရေးဆွဲဖြစ်ပေါ်သည့် အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည်(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ။)၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၀ ရက်(၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)က ထုတ်ပြန်ခဲ့ပြီး အခန်း(၂၅)၊ ပုဒ်မ ၈၄ခုပါဝင်ကြောင်း ကိုလည်းကောင်း၊ စးသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို အကျယ်တဝင့်ရှင်းလင်းပြီး၊ စားသုံးသူလူငယ်များ အသုံးပြုသော ဘေးအန္တရာယ်ရှိသောကုန်စည်ကို ဈေးကွက်အတွင်းမှ ပြညန်လည်သိမ်းဆည်းစေခြင်း (သို့မဟုတ်) ရောင်းချဖြန့်ဖြူးခြင်းကို တာမြစ်ခြင်း ကို (recall & ban) ဥပဒေအရ ဦးစီးဌာနသည် (recall & ban) နိုင်ရန် ဆောင်ရွက်ရပြီး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရကြောင်း၊ စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ ဈေးကွက်အတွင်း လေ့လာစောင့်ကြည့် တွေ့၇ှိချက်များကို ဦးစီးမှူးရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မှုအဆင့်ဆင့်ကို သတ်မှတ်ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ အရေးယူဆောင်ရွက်မှုကို စားသုံးသူထံ မှန်ကန်စွာ သတင်းအချက်အလက် သတ်မှတ်ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ အကယ်၍ စီးပွားရေးလုပ်ငန်းရှင်ကိုယ်တိုင်က မိမိကုန်စည် အန္တရာယ်ရှိကြောင်းကို သိရှိလျှင် ဦးစီးဌာနှင့် စားသုံးသူထံ အချိန်မီသိရှိနိုင်ရန် အသိပေးရမည် ဖြစ် ကြောင်း၊ ပြန်လည်သိမ်းဆည်း ၊ တားမြစ်ခြင်းကို နည်းဥပဒေ အခန်း(၈) အပိုဒ် ၅၆ မှ ၇၂ အရ ဆောင်ရွက်နိုင်ကြောင်းကိုလည်းကောင်း ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ပြည်လည်သိမ်းဆာ်းခြင်းကို ယာယီတားမြစ်ခြင်း (သို့) အမြဲတမ်းတားမြစ်ခြင်း ကို ညွှန်ကြားချက် (၃/၂၀၂၂)အရ လုပ်ဆောင်နိုင်ကြောင်း တို့ကို အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး ကျောင်းသား တစ်ဦး မှ ဘေးအန္တရာယ်ရှိသောကုန်စည်ဆိုသည်မှ ဘယ်လို ကုန်စည်များကို ဆိုလိုကြောင်း သိလို၍ မေးမြန်းလာသဖြင့် တာဝန်ရှိသူမှ အန္တရာယ်ရှိသော ကုန်စည်ဆိုသည်မှာ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဥပဒေအရ ဆိုလိုကြောင်း၊ အရည်အသွေးစံသတ်မှတ်ချက် မပြည့်ဝသော စားသုံးသူကို အန္တရာယ်ဖြစ်စေသည့် ကုန်စည်များဖြစ်ကြောင်းကို ရုပ်ပုံလက်ကမ်းစာစောင်နှင့်အကွ ရှင်းလင်းဖြေကြားခဲ့ကြောင်း Consumer Call Center 1535 ကိုလည်း သိလိုသည်များ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို ထည့်သွင်းဟောပြောခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
