စာဖတ်ပြည်သူများအားMSMEဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍အသိပညာပေးဟောပြော

Powered by Drupal

             ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၁၅ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌စာဖတ်ပြည်သူ(၁၃)ဦးအားSMEဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
            အဆိုပါဟောပြောပွဲတွင်မြို့နယ်တာ၀န်ခံမှSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်စားသုံးသူရေးရာဦးစီးဌာနမှဆောင်ရွက်ပေးလျက်ရှိသောလုပ်ငန်းရှင်များနှင့်လစဉ်တွေ့ဆုံ၍ထုတ်လုပ်သောကုန်စည်များအရည်အသွေးကောင်းမွန်စေပြီး ပြည်တွင်း၊ ပြည်ပဈေးနှုန်းဈေးကွက်ရရှိမှုအခြေအနေ များ၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာ‌များရရှိစေရေးအတွက် မိမိဌာနနှင့်သက်ဆိုင်ရာဌာနများမှဖွင့်လှစ်သောသင်တန်းများတက်ရောက်နိုင်ရေးဆောင်ရွက်ပေးမှုအခြေအနေများကိုဆွေးနွေးဟောပြောခဲ့ပါသည်။
           ထို့ပြင်SMEလုပ်ငန်းများဆောင်ရွက်ရာတွင် ထုတ်လုပ်သောကုန်ပစ္စည်းများတွင် မိမိတို့ဌာနမှ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများဖော်ပြနိုင်ရေးအတွက်ဆောင်ရွက်ပေးမှုအခြေနေ များနှင့် ယ‌နေ့နိုင်ငံတော်အကြီးအကဲအ‌နေဖြင့်လည်း “တိုင်းရင်သားများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန်နှင့်  ပြည်တွင်းစီးပွား ရေးလုပ်ငန်းများတွင် အဓိကအားဖြင့် SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်အားပေးကူညီဆောင်ရွက်သွားရန်”  လမ်းညွှန်မှုပြုထားသဖြင့်   MSME များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကို  အထူးအလေးထား ကြိုးစားဆောင် ရွက်ရမည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့ကြောင်းသတင်းရရှိသည်။ 

DOCA (ဧရာဝတီ)