
ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ကျေးရွာရှိ စားအုန်းဆီကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပြောကြားရာတွင် “အောက်ကွင်း” ကျေးရွာအုပ်စုရှိ ပြည်သူများ သက်သာ သော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေရေး၊ သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချ နေမှုတို့အား ဓာတ်ပုံ မှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး ကျေးရွာရှိစားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည် များကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA (ဧရာဝတီ)
