
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၆.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၄;၀၀)နာရီက လပွတ္တာမြို့၊ အမှတ်(၆) ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ ကုန်မျိုးစုံနှင့်စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များမှ ဈေးဆိုင်ပိုင်ရှင်များအား စားအုန်းဆီများသတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ပိုမို၍ရောင်းချခြင်းမပြုရန် ဈေးနှုန်းဆိုင်းဘုတ်များကို စားသုံးသူများသိသာထင်ရှားအောင်ချိတ်ဆွဲပြီး ရောင်းချကြရန် ဆိုင်ရှင်များအား အသိပေးဆောင်ရွက်ခဲ့ပါသည်၊ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်း ဈေးထက်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
