
ထိုင်းနိုင်ငံ၌ အစိုးရသည် တိရစ္ဆာန်အစာအဖြစ်အသုံးပြုသည့် ပြောင်းတင်သွင်းမှုအားလုံး အတွက် လိုအပ်သော တောင်ယာမီးရှိုူ့မှု မရှိကြောင်း အထောက်အထားဖြစ်သည့် ပထမဦးဆုံးသော ကုန်သွယ်ရေးစည်းမျဉ်းကို တရားဝင် အတည်ပြု အကောင်အထည်ဖော်လိုက်ပြီဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်သည့် အဆိုပါ စည်းမျဉ်း သည် နယ်စပ်ဖြတ်ကျော် PM2.5 အမှုန်အမွှားအဆင့် လေထုညစ်ညမ်းမှုကို ရင်ဆိုင်ဖြေရှင်းရန်နှင့် နိုင်ငံ၏ စိုက်ပျိုးရေးထောက်ပံ့မှုကွင်းဆက်ကို ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် ရည်ရွယ်သည့် ထိုင်းနိုင်ငံ၏ အဓိကအခြေခံကျသော မဟာဗျူဟာ မူဝါဒတစ်ရပ်ဖြစ်သည်။
Thansettakij သတင်းစာမှ သတင်းထောက် Chatchayaporn Phongam ၏ သတင်းပို့ တင်ပြချက်အရ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသည် ထိုင်းနိုင်ငံ၏ သွင်းကုန်များကို ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်အောင်ပြုလုပ်ရန် ရည်ရွယ်သည့် စုံလင်ပြည့်စုံသော စည်းမျဉ်း ၄ ရပ်ကို ထုတ် ပြန်ထားကြောင်း၊ ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အသစ်ထုတ်ပြန်သည့် အသိပေးချက်အရ တိရစ္ဆာန်အစာအတွက် အသုံးပြုမည့် ပြောင်းများကို ၎င်းတို့၏ စိုက်ပျိုးရေး လုပ်ငန်းစဉ်များတွင် တောင်ယာမီးရှို့မှုနည်းလမ်းကို အသုံးမပြုသော လယ်ယာလုပ်ငန်းများမှသာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေးကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က အသစ်ပြဋ္ဌာန်းသည့် ဥပဒေများသည် ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးလုပ်ငန်းတွင် အရေးပါသော ပတ်ဝန်းကျင်ဆိုင်ရာ အချက်တစ်ချက်ကို ထည့်သွင်းလိုက်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ကုန်သွယ်ရေးစီးဆင်းမှု လွယ်ကူချောမွေ့စေရန်အတွက် အဆိုပါဝန်ကြီးဌာနသည် ပြုလွယ်ပြင် လွယ်ရှိသော်လည်း တင်းကျပ်သည့် စစ်ဆေးအတည်ပြုမှု စနစ်တစ်ရပ်ကို အစပြုလုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။
သွင်းကုန်လုပ်ငန်းရှင်များသည် စိုက်ပျိုးသည့် တည်နေရာအသေးစိတ်နှင့် ထွက်ရှိမှု ပမာဏ ကို ဖော်ပြသည့် ကိုယ်တိုင်အာမခံချက်လက်မှတ် သို့မဟုတ် တင်ပို့သည့်နိုင်ငံ၏ ထိရောက်သော အာဏာပိုင်အဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့အစည်းများမှ ထုတ်ပေး သည့် တရားဝင်စာရွက်စာတမ်းများကို တင်ပြနိုင်ကြောင်း သိရှိရသည်။
တာဝန်ခံမှုရှိစေရေးအတွက် ပြောင်းတင်သွင်းမည့်လုပ်ငန်းရှင်များသည် ဥပဒေအရ ခြေရာ ခံမှု မှတ်တမ်းအားလုံးကို အနည်းဆုံး ငါးနှစ် သိမ်းဆည်းထားရန် လိုအပ်ပြီး ထိုင်းစိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာနအနေဖြင့် နောက်ကြောင်းပြန် စစ်ဆေးခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
ပြည်တွင်းရှိ ပြောင်းစိုက်တောင်သူများအား အကာအကွယ်ပေးမှုနှင့်အတူ စက်မှုလုပ်ငန်း များ၏ တိရစ္ဆာန်အစာ ပြောင်းဝယ်ယူရန် လိုအပ်ချက်နှင့်အညီ ပိုမိုညီညွတ်မျှတမှုရှိစေရန် ထိုင်း အစိုးရသည် ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများအပြင် ၎င်း၏ သွင်းကုန်ခွင့်ပြုသည့် ခွဲတမ်းပမာဏ ကို ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့သည်။ နှစ်စဉ် ပြောင်းတင်သွင်းခွင့်ပြုသည့် ခွဲတမ်းပမာဏကို တန်ချိန် ၅၄၇၀၀ သတ်မှတ်ထားရာမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများနှင့်အညီ တန်ချိန် ၁ သန်းအထိ သိသာစွာတိုးမြှင့်ရန် ထိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
အရေးပါသည့် အပြောင်းအလဲမှာ စျေးကွက်အား လွတ်လပ်စွာလုပ်ကိုင်ခွင့် ပေးလိုက်ပြီ ဖြစ်သဖြင့် ပုဂ္ဂလိကပြောင်းတင်သွင်းသည့် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံပိုင်သိုလှောင်ရုံအဖွဲ့ ကဲ့သို့ပင် တင်သွင်းခွင့်ခွဲတမ်း ရရှိခြင်းဖြစ်သည်။ အာဆီယံ ကုန်စည်ကုန်သွယ်မှုသဘောတူညီချက် (ATIGA) အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများထံမှ ပြောင်းများတင်သွင်းရာ၌ အကောက်ခွန် ကင်းလွတ် ခွင့် ဆက်လက်ရရှိမည်ဖြစ်သော်လည်း အထွေထွေကုန်သွယ်မှု လုပ်ကိုင်သူများအတွက် ပြောင်း တင်သွင်းခွင့်ပြုသည့်ကာလကို ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ငါးလသို့ လျှော့ချသတ်မှတ် ထားဖြစ်ကြောင်း သတင်းထောက် Chatchayaporn ၏ သတင်းပို့ချက်အရ သိရှိရသည်။
အဆိုပါကန့်သတ်ချက်၏ ရည်ရွယ်ချက်မှာ ကောက်ပဲသီးနှံ အဓိကရိတ်သိမ်းချိန်ကာလတွင် သွင်းကုန်ပစ္စည်းများကြောင့် ပြည်တွင်းစျေးကွက်ကို လွှမ်းမိုးမသွားစေရန် ဖြစ်သည်။
တိရစ္ဆာန်အစာအဖြစ် အသုံးပြုသည့် ဂျုံများအတွက် စည်းမျဉ်းများသည် ယခင်နှစ်များနှင့် အဓိကအားဖြင့် တူညီနေဆဲဖြစ်သော်လည်း ပြောင်းလုပ်ငန်းကဏ္ဍကိုမူ နိုင်ငံခြားရေးကုန်သွယ်ရေး ဦးစီးဌာနက ပြင်းထန်စွာ သတိပေးအကြောင်းကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တောင်ယာ မီးရှို့ခြင်းမပြုရ ဟူသော လိုအပ်ချက်သည် သာမန်လုပ်ထုံးလုပ်နည်းမှ သိသိသာသာ ကြီးမားစွာ သွေဖည်လိုက်ခြင်းဖြစ်ပြီး ဥပဒေအရ ထိခိုက်နိုင်မည့်အန္တရာယ်များနှင့် ကုန်ပစ္စည်းတင်ပို့မှု နှောင့် နှေးကြန့်ကြာခြင်းတို့မှ ရှောင်ရှားနိုင်ရန်အတွက် လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ပြောင်းကုန်ချော ထုတ်လုပ်သူများကို ချက်ချင်း တရားဝင်စစ်ဆေးမှု ပြုလုပ်ရန် အကြံပြုထားသည်။
ညွှန်ကြားရေးမှူးချုပ် Arada က ထိုင်းနိုင်ငံ၏ ဦးစားပေးမှုသည် တောင်ယာမီးရှို့ခြင်း မပြုရ စည်းမျဉ်းဖြစ်ပြီး အဆိုပါစည်းမျဉ်းအရ ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေသည့်အဖြစ်သို့ မရောက်ရှိစေရန် အသေးစိတ် မှတ်တမ်းမှတ်ရာ လိုအပ်သော ဥပဒေပိုင်းဆိုင်ရာ အခြေအနေအသစ်တစ်ရပ် ဖြစ်လာသည်ဟု ပြောကြားခဲ့သည်။
Source: The Nation Thailand, January 6, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
