
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင် ဘာလ(၁၅)ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ရုံပွဲလမ်း၊ အမှတ်(၃)ရပ်ကွက်နှင့် ကြာနီကန်လမ်းမကြီး အမှတ်(၄)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်း ဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြန်အောင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော ဘိလပ်မြေများသည် စက်ရုံမှ တိုက်ရိုက်ဝယ်ယူရောင်းချလျက်ရှိပြီး၊ Alpha တစ်အိတ် လျှင် ၂၁၅၀၀/-ကျပ်၊ Apache တစ်အိတ်လျှင် ၂၁၀၀၀/-ကျပ်ဖြင့် အခြားသော အိမ်ဆောက် ပစ္စည်း များမှာ ယခင်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
