
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ (၁၆.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ စက်မှုဇုန်(၆)လမ်းရှိ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးအောင်နိုင်၏ ဆန်သိုလှောင်ရုံအား MyRO Website တွင် မှတ်ပုံတင်ခြင်းအား ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန်သိုလှောင်ရုံသည် ဝင်ဆံ့နိုင်သည့်ပမာဏ အိတ်ရေ(၅၀၀)ခန့်ရှိပြီး သိုလှောင်ရုံ အမျိုးအစား အလတ်စားတွင် ပါဝင်ပါသည်။ သိုလှောင်ရုံအဆောက်အဦမှာ ၂၀၁၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အလျား(၈၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၁၃)ပေရှိပြီး အခင်း(ကွန်ကရစ်)၊ အကာ (အုတ်)၊ အမိုး(သွပ်) ဖြင့် ဆောက်လုပ်ထားပါသည်။ သိုလှောင်ထားသော ဆန်အမျိုးအစားမှာ မျိုးစုံ ဖြစ်ပြီး (၁၂.၁၂.၂၀၂၅)ရက်နေ့ထိ သိုလှောင်ထားရှိမှုအခြေအနေမှာ အိတ်ရေ (၄၀၀)ခန့်ရှိကြောင်း သိရှိရသည်။
ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် MyRO တွင်မှတ်ပုံတင်ရန် လာရောက်လျှောက်ထားသည့် နည်းပညာအခက်အခဲရှိသော ဆန်လုပ်ငန်းရှင်များအား MyRO Website အသုံးပြုနည်းများကို ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သိုလှောင်ရုံပိုင်ရှင် ဦးအောင်နိုင်အား မှတ်ပုံတင် သက်တမ်း (၁)နှစ်ပြည့်လျှင် သက်တမ်းတိုးရန်၊ လစဉ် လဆန်း(၁)ရက်နေ့မှ (၁၀) ရက်နေ့အထိ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ ဖြည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင်ခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ စုစုပေါင်း ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် MyRO မှတ်ပုံတင်ပြီးသော ဆန်သိုလှောင်ရုံ(၅၀)လုံးရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
