လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဆားကျင်းအုပ်စု၊ ထင်းစုကျေးရွာ စိန်စံပါပယ်ဆန်စက်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသူံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် လပွတ္တာမြို့နယ် ဆားကျင်းအုပ်စု၊ ထင်းစုကျေးရွာ စိန်စံပါယ် ဆန်စက်အား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာ မြို့နယ် တာဝန်ခံမှ ဆားကျင်းအုပ်စု၊ ထင်းစုကျေးရွာရှိ  စိန်စံပါယ် ဆန်စက်သို့ သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမှု အခြေအနေများ၊ ဆန်စပါး ကြိတ်ခွဲမှု အခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် SMEလုပ်ငန်းဖွံ့ဖြိုးမှုအတွက်  ထုတ်လုပ်လျက်ရှိသော ဆန်ကြိတ်ခွဲမှုမှထွက်ရှိလာသော ဆန်များထုတ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေး၊ ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် အရေးအသွေးမီသော ဆန်များရ ရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)