မင်းလှမြို့နယ် အ.ထ.က (ခွဲ) ကိုင်ပြင်ကြီးကျောင်းတွင် အသိပညာပေးဟောပြော

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၆.၁၁.၂၀၂၂ )ရက်နေ့ ၊ နံနက် (၁၀  :  ၀၀) နာရီအချိန်တွင် မင်းလှမြို့နယ် အထက (ခွဲ) ကိုင်းပြင်ကြီး ကျောင်း၌ ဆရာ ၊ ဆရာမ (၈)ဦး ၊ ကျောင်းသား/ကျောင်းသူ (၂၅၀)ဦး ၊ စုစုပေါင်း (၂၅၈)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါ သည်။

      ပထမဦးစွာ ခရိုင်ဦးစီးမှူးက စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်သော သတင်းအချက်အလက်များ သိရှိစေရန် ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ စိတ်ကျေနပ်မှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်း အသိပညာပေးဟော ပြောခဲ့ကြောင်း သိရှိရပါသည်။

       ဆက်လက်၍ စားသုံး/ထုတ်လုံတာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေး (၈)ချက်နှင့် တာဝန် (၄)ချက်အား ရှင်းလင်းခြင်း ၊ ကျောင်းသား / ကျောင်းသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံး မှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center – CICC) ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးခြင်း ၊ မြို့နယ် တာဝန်ခံက အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူ စားသောက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများ ၊ ဓာတုဆိုးဆေးနှင့် တာရှည်ခံ ဆေးများ အန္တရာယ်များကို အကျယ်တဝင့်ဆွေးနွေးပြီး သန့်ရှင်းလတ်ဆတ်သော အ‌စား အသောက်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)