သာယာဝတီမြို့ ပဲကြီးလှော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ် တာဝန်ခံသည် ၁၈.၁၁.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀ : ၀၀ ) နာရီအချိန်တွင် ရန်ကုန် - ပြည်လမ်း ၊ ကံကြီးဝိုင်းရပ်ကွက်၌ ပဲကြီးလှော် ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများအား ဆွေးနွေးခဲ့ပါသည်။

    ထိုသို့ ဆွေးနွေးရာတွင်  စာသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချရန် ၊ ထားသိုသိမ်းဆည်းပုံအညွှန်း ၊ ထုတ်လုပ်ရက် ၊ ကုန်ဆုံးရက်များ ပြည့်စုံစွာ  ဖော်ပြရန်  ၊ စားသုံးသူကာကွယ်‌ရေး ဥပဒေ အခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)