လက်ပံတန်းမြို့ စည်ပင်သာယာမြို့မဈေးအတွင်း ဈေးကွက်စောင်ကြည့်စစ်ဆေး

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လက်ပံတန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချနေသာ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိကို ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ၊ နံနက် ၉ : ၀၀ နာရီအချိန်တွင်  မြို့နယ်ကျန်းမာရေးမှူး ဦးဇော်မင်းထိုက် ၊ တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ စိုးမိုးဝင်း ၊ ဈေးတာဝန်ခံ ဦးတိုးအောင်နှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး  ၊ လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)