ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူများသက်သာစေရန် စားအုန်းဆီတစ်ပိဿာ(၄၇၅၀)ကျပ်နှုန်းဖြင့်လှည့်လည်ရောင်းချ

Powered by Drupal

           စားသုံးဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူ များကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား  စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များကို  ဖြန့်ဖြူးရောင်းချစေခဲ့ပါသည်။ အဆိုပါစားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊  ကျောက်ပန်းတောင်းမြို့နယ်  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ  သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်   ဝယ်ယူ၍ မြို့နယ်အတွင်းနေစားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက်  စားသုံးဆီတစ်ပိဿာလျှင်(၄၇၅၀)ကျပ်နှုန်းဖြင့်  ရပ်ကွက်ကျေးရွာ များသို့ Mobile စနစ်ဖြင့် လှည့်လည်၍ ရောင်းချပေးခဲ့ရာ(၁၆.၁၁.၂၀၂၂)ရက်နေ့တွင် အိမ်ထောင်စု တစ်စုလျှင်(၁) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၁၃၂၀)ပိဿာအားရောင်းချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုလို စားသုံးဆီလှည့်လည်ရောင်းချမှုအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်လက်၍လည်း ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ရပ်ကွက်၊ ကျေးရွာများသို့ မြို့နယ်အတွက် ရည်ညွှန်းဈေးဖြင့်ရရှိသော စားအုန်းဆီများကို မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းဥက္ကဌ  ဦးဆောင်၍ယခုလို Mobile စနစ်ဖြင့်  လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်ကြီးများအသင်း ဥက္ကဌထံမှ သိရှိရပါသည်။

DOCA(မန္တလေး)