ငါန်းဇွန်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ငါန်းဇွန်မြို့နယ် တာဝန်ခံသည်(၁၆.၁၁.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ ၊ မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်ရာတွင်  ပူးပေါင်းပါဝင်၍ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          ရှေးဦးစွာအဆိုပါဟောပြောဆွေးနွေးပွဲသို့ လာရောက်ကြသော ငါန်းဇွန်မြို့အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်နေခြည်ဦးမှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ဦးကိုကိုနိုင်(ရုပ်သံကျွမ်းကျင်-၃)မှ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောဆွေးနွေးကာ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား စာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ သိသင့်သိထိုက်သည်များအား ဥပမာများပေး၍လည်းကောင်း၊ ကုန်စည်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံး မှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း မိမိတို့ဌာနသို့ ဆက်သွယ်တိုင်ကြားခဲ့သည့် တိုင်ကြားမှုဖြစ်စဉ်များနှင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုတစ်ချို့အားသိရှိစေရန်နှင့်ဗဟုသုတရစေရန်၊နစ်နာဆုံးရှုံးမှုများအား အရေးဆိုတိုင်ကြားလာနိုင်စေရန်နှင့် တိုင်ကြားတတ်စေဖို့ ဟောပြောဆွေးနွေးခဲ့ပြီး ဌာန၏ လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ပါကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှိုင်မိုးဟိန်းမှလည်း အားကစားနှင့်လူငယ်ရေးရာခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများအား ဟောပြောဆွေး နွေးခဲ့ပါကြောင်း သိရပါသည်။

          ဟောပြောဆွေးနွေးမှုအပြီးတွင် ကျောင်းသား/ကျောင်းသူများမှ မြေစိုက်နံရံကပ်ဘုတ်နှင့်နံရံ ကပ်စာစောင်တွင် ပြသထားသော (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာ ပေးအကြောင်းအရာများ၊ ကိုဗစ်-၁၉ ရောဂါအကြောင်း၊ မျောက်ကျောက်ရောဂါအကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးအကြောင်းအရာများနှင့် ပြည်သူ့စာကြည့်တိုက် တွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့်အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူနှင့်မိဘဆရာ စုစုပေါင်း(၃၅)ဦး တက်ရောက် လေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)