ကျိုက်ထိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

         မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူး၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၁.၁၁.၂၀၂၂ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့ ဇေယျာမွန်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သန်းသန်းမော်မှ လူငယ်နှင့်ပညာရေးအကြောင်း ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုခရိုင်ဦးစီးမှူးမှဌာန၏ လုပ်ငန်းဆောင်ရွက်မှု အကြောင်းများနှင့် ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူများ၊ လုပ်ငန်းရှင်များ သိရှိလိုက်နာရန် ကုန်အညွှန်းအမှတ်အသားများအကြောင်း မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး‌နှင့် ဆရာ/ ဆရာမ (၁၃) ဦး ကျောင်းသား/ကျောင်းသူ (၁၅၀) ဦး စုစုပေါင်း (၁၆၃) ဦး တက်ရောက်ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မွန်)