ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဒိုက်ဦးမြို့မ စည်ပင်သာယာဈေးတာဝန်ခံတို့ နှင့် ပူးပေါင်း၍ ၂၁.၁၁.၂၀၂၂ ရက်နေ့တွင် ဒိုက်ဦးမြို့မဈေးအတွင်း ရောင်းချနေသာ ကုန်မျိုးစုံဆိုင်များရှိ စည်သွပ်အစားအစာ ဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချသော ဆိုင်ရှင်များအား စည်သွပ် အစားအစာများ ရောင်းချရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် ၊ မိမိတို့ရောင်းချသည့် ကုန်စည်များနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများအပေါ်တွင် သတင်းအချက်အလက်များအား မှန်မှန်ကန်ကန်နှင့် တိတိကျကျပေးရန်လိုအပ်ကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)