ပြည်နယ်ဦးစီးမှူးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေးရရှိသည့် အအေးခန်းစက်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးတို့သည် ၂၂.၁၁.၂၀၂၂ ရက်နေ့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရရှိသည့် အအေးခန်းစက်ရုံလုပ်ငန်းရှင်များကို ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့တွေ့ဆုံရာ၌ ပြည်နယ်ဦးစီးမှူးက ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဒေသတွင်းမှထွက်ရှိသည့် ထုတ်ကုန်များနှင့်လုပ်ငန်းရှင်များသည် အဓိကအားထားရာဖြစ်ကြောင်း သို့အတွက်ကြောင့် နိုင်ငံတော်မှလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးလျှက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်းရရှိသည့် ချေးငွေများကိုစနစ်တကျစီမံခန့်ခွဲ၍ မိမိတို့လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နိုင်ငံ့စီးပွားရန်ပုံငွေမှ ချေးငွေချေးယူရာတွင် သမဝါယမအသင်းဖွဲ့ရန်လိုအပ်ကြောင်းနှင့် သမဝါယမအသင်းအဖွဲ့၏ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် လုပ်ငန်းရှင်များမှ ၎င်းတို့သိရှိလိုသည့်အချက်များအား မေးမြန်းခြင်းကို မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)