နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(တီးတိန်)တွင် စားသုံးသူအသိပ ညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်မြို့နယ်တာဝန်ခံ ဦးပြောင်ဒါးလ် (အကြီးတန်းစာရေး)သည် နိုဝင်ဘာလ ၂၂ရက်နေ့၊နံနက် ၁၀:၃၀ အချိန်တွင် နယ်စပ်ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာအသိပညာပေးလုပ်ငန်းသည် ပြည်သူအားလုံး မဖြစ်မနေသိရှိရန် အထူးလိုအပ်သည်ကို တွေ့ရှိရပြီး ယခုလိုဟောပြောပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဦးပြောင်ဒါးလ်မှ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံစွာ ဖော်ပြထားရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား ၊ကျောင်းသူ စုစုပေါင်း(၈၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

DOCA(ချင်း)